My Blogger TricksAll Blogger TricksAll Blogging Tips

Friday, February 7, 2014

ဘလော့ခေါင်းစဉ် ကလစ်တာနဲ့စာမျက်နှာအသစ်ပေါ်အောင်

င်္ဂလာပါဗျာ ဒါလေးကတော့ အမှတ်တမဲ့နဲ့ သတိမမူဂူမမြင်ဖြစ်တတ်တဲ့ နည်းပညာလေးတစ်ခုပါဘဲ
လုံးဝလွယ်ကူလွန်းတော့ လူတွေကအမှတ်မထားကြတတ်ပါဘူးး ကျနော်ကိုယ်တိုင် မှတ်မှတ်ရရ ရှိခဲ့ဖို့  ဘလော့ သုံးခုလောက်လုပ်ပြီးမှ  မှတ်သားခဲ့မိလို့ပါ...ဘာလဲဆိုတော့... မိမိတို့ဘလော့ကခေါင်းစဉ်တွေကို ကလစ်လိုက်တာနဲ့ ရှိနေတဲ့ စာမျက်နှာမှ မဟုတ်ဘဲ စာမျက်နှာအသစ်နဲ့ New Tab လို့ခေါ်မလား New Window ခေါ်မလားး ကြိုက်တာခေါ်... ပြောခြင်တာတော့ နောက်စာမျက်နှာတစ်ခုနဲ့ သွားပွင့်တာကိုပါ...အဲတာကတော့ မိမိတို့ menu link တွေကို စာလုံးလေး နှစ်လုံးလောက် တိုးထည့်ပေးယုံလေးပါဘဲ....
ကဲလိုခြင်သူယူပေါ့ဗျာ........မလိုတော့လဲ ကျော်လိုက်ပေါ့.

< href="http://aungsanmks.blogspot.com">ဘလော့ပညာ< /a >

ထည့်လိုက်ပြီနော် သည်လိုလေးဖြစ်လာတယ်...

 < href="http://ဗန်းမော်သားလေး.blogspot.com" target="new">ဘလော့ပညာ< /a >

သတိပြုရမှာက    စာလုံးလေးကို မိမိတို့ ဘလော့လင့်နောက်က ထည့်တဲ့အခါမှာ ကပ်ထည့်လိုက်ရင် တခါတရံ လင့်တွေ အလုပ်မလုပ်တတ်တာ ကြုံဘူးပါတယ်..
ထည့်ပြီးတာနဲ့  Preview နဲ့သေခြာ ကြည့်စေလိုပါတယ်... အိုကေ...တက်ပလက် အလုပ်မလုပ်ဘူးဆိုပါတော့...    target="new" စာလုံးလေးကို  < href="http://ဗန်းမော်သားလေး.blogspot.com"  နောက်မှာ space တချက်ခြားထည့်ပေးလိုက်ပါ။
တချက်ခွါထည့်တာပေါ့နော်.... ကျနော့်ရဲ့လင့်နေရာကို မိမိတို့လင့်နဲ့ အစားထိုးပေးပါ။

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. . တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...

viva video apk (android ဖုန်းမှာ ကိုယ်ပိုင် video ဖန်တီးနိုင်တဲ့ apk ပါ)


Viva ဆိုတဲ့ apk ကို android ဖုန်းထဲမှာ Install လုပ်ပြီး Video တစ်ခု ဖန်တီးနိုင်ပါတယ်.. ကိုယ့်ရဲ့ အမှတ်တရဓါတ်ပုံလေးတွေကိုပဲဖြစ်ဖြစ်၊ ရိုက်ထားတဲ့ Video လေးတွေကို စုစည်းလို့ပဲဖြစ်ဖြစ် Movie လေးတစ်ခု ကောင်းကောင်း လုပ်နိုင်ပါတယ်.. နောက်ခံတေးဂီတစနစ်ပါတဲ့အတွက် ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေကို နောက်ခံထည့်နိုင်ပါတယ်။ Slide ဒီဇိုင်းမျိုးစုံကိုရယူနိုင်ပြီး Online ခဏဖွင့်ထားရင် ဒေါင်းလို့ရပါတယ်.. Free ပါ.. စာလုံးဒီဇိုင်းမျိုးစုံပါဝင်ပြီး မြန်မာလိုလည်း ရေးလို့ရတယ်ခင်ဗျ.. ချစ်သူများနေ့နီးလာတော့ မိတ်ဆွေရဲ့ အမှတ်တရ ဗွီဒီယိုလေးတွေလုပ်ပြီး ကိုယ့်ချစ်သူဆီကို ပို့ပေးနိုင်တာပေါ့...
                                                            ဒီမှာဒေါင်းပါဗျာ
အဆင်ပြေကြပါစေ အဆင်မပြေရင် command လေးထားခဲ့စေချင်ပါတယ်

Saturday, January 11, 2014

viper ကို net မလိုပဲ activateပြန်လုပ်တဲ့နည်းလေးပါ

Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေ ၊
အရင်သုံးလက်စ Viber message တွေ ၊ sticker တွေကို
ဖုန်းထဲမှာအသစ်ပြန်သွင်းထားတဲ့ Viber ထဲမှာပြန်ထည့်ချင်သူတွေအတွက်ရည်ရွယ်ရေးသားပါတယ်။
-----------------------------------------------------------------
ကျွန်တော်တို့ ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။ Viber သွင်းပြီးတာနဲ့ Code တောင်းတယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ် ။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖုန်း Firmware ကျသွားတဲ့အခါ ၊ Firmware ပြန်တင်လိုက်ရတဲ့အခါ Viber သုံးနေကျသူဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်းရပါပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် Code အသစ်ပြန်တောင်းပြီး activate ပြန်လုပ်ရပါတယ်။ ဒါကလည်း တစ်ခါတစ်လေ Code ပြန်မပို့တာတွေရှိပါသေးတယ်။ Internet မရှိတဲ့သူတွေ ၊ အင်တာနက်ရှိပေမယ့် Viber က Code ပြန်မပို့လို့ Viber အဆင်မပြေဖြစ်နေသူတွေအတွက် အလုပ်ရှုပ်တာပေါ့ဗျာ။ အခု ကျွန်တော်ပြောပြမှာက Viber ကို ဖုန်းထဲမှာ ပုံမှန်သုံးစွဲနေစဉ်ကတည်းက အတွင်း data ကို copy/backup ကူးထားဖို့ပဲဖြစ်ပါတယ်။ iPhone တွေမှာဆိုရင် iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီး Documents ဆိုတဲ့ Folder ကို ကိုယ့်ရဲ့ကွန်ပျူတာထဲမှာသိမ်းထားလိုက်ရုံပါပဲ။ တကယ်လို့ ကိုယ့်ရဲ့ဖုန်းကို Firmware ပြန်တင်လိုက်ရပြီဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်း ၊ ပြီးတာနဲ့ iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီးရင် Documents ဆိုတဲ့ Folder ကိုဖျက်ပြီး ခုနက ကွန်ပျူတာထဲမှာသိမ်းထားခဲ့တဲ့ Documents folder ကိုပြန်ကူးထည့်ပေးလိုက်ရင် ။ Firmware မကျခင်တုန်းက activate လုပ်ထားပြီးသား Viber အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ activate လုပ်ပြီးအခြေအနေ ၊ အရင်ကပြောထားတဲ့ Viber Message တွေ ၊ Contact တွေကစ အရင်အနေအထားတိုင်းပြန်ပေါ်နေမှာဖြစ်ပြီး အသင့်သုံးစွဲရုံပါပဲ။

Android ဖုန်းတွေမှာလည်းထိုနည်း၎င်းပါပဲ ။ Root Explorer ဆော့ဝဲသွင်းထားပြီး ဖုန်းရဲ့ root directory ထဲက data/app ထဲကိုဝင် ၊ com.viber.voip ထဲကိုဝင်ပြီး အတွင်းမှာပါတဲ့ folder တွေကို copy ကူးပြီးသိမ်းထားလိုက်ပါ။ အကယ်၍ ကိုယ့်ဖုန်းက Firmware ကျသွားလို့ ၊ Firmware အသစ်ပြန်တင်ထားလို့ Viber ပြန်သွင်းပြီးပြီဆိုရင် အပေါ်အဆင့်မှာတုန်းက copy ကူးသိမ်းထားတဲ့ folder တွေကို data/app ထဲက com.viber.voip folder ထဲပြန်ထည့်ပေးလိုက်ရုံပါပဲ။
အရင်အနေအထားအတိုင်းပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ကတော့ Android ဖုန်းမှာ root access တော့ရှိဖို့လိုပါလိမ့်မယ်

အခုပြောခဲ့တဲ့နည်းတွေဟာ iPhone ရော ၊ Android OS သုံးဖုန်းတွေရောကို အင်တာနက်မလိုပဲ Viber ကို နဂိုသုံးစွဲအနေအထားအတိုင်းပြန်ပြီး activated ဖြစ်စေမှာဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေဗျာ

Wednesday, January 8, 2014

Huawei နောက်ဆုံးထွက် G730 အကြောင်းလေးပါ

huawei မှာနောက်ဆုံးထွက်လာတာပါ model ကတော့ နှစ်မျိုးရှိပါ တယ် G730-TOO နဲ့ G730-UOO တို့ဖြစ်ပါတယ် ဆိုဒ်ကတော့ ၅.၅ အရွယ်ရှိပါတယ် gsm.wcdma နှစ်ကဒ်သုံးဖြစ်ပါတယ်ဘက်ထရီကိုတော့
iphone စတိုင် ထောင့်အရှည်လေး သုံးထားပါတယ်
CPU ကတော့ Quad core 1.3GHZ ကို သုံးထားပါတယ်
RAM ကတော့ 1.0GB ဖြစ်ပါတယ်
Phone Memory 2GB ပါဝင်ပါတယ်
Resolution ကလည်း ပြောစရာမလိုအောင်ဘဲ ကောင်းမွန်
လှပါတယ်
Android version အနေနဲ့ 4.2.2 ကို သုံးထားတာ တွေ့ရပါတယ်
G730 က MTK အမျိုးအစားဖြစ်ပါတယ် Screen size ကြီးတဲ့
အတွက် အင်တာနက် သုံးတဲ့ အခါမှာ အထောက်အကူပြုပါတယ်
3G Internet support ပေးတဲ့ အတွက် သွက်လက်မြန်ဆန်လာ
တာကိုတွေ့ရပါတယ် မြန်မာစာအနေနဲ့ကတော့ လက်တလော
သူရဲ့ Original browser အဆင်မပြေသေးတာကို တွေ့ရပါတယ်
Facebook,Gtalk,Viber,Tango,Skype,မြန်မာသတင်းစုံ,
One browser အဆင်ပြေတာကို တွေ့ရပါတယ် ဒီပြင်ဟာတွေတော့
မစမ်းရသေးပါခင်ဗျာ


huHuawei မှာ နောက်ဆုံးထွက်လာတဲ့ ကောင်လေးပါ
အခုလောလောဆယ်တော့ G730-U00 နဲ့ G730-T00
ဘဲ ထွက်ရှိလာပါသေးတယ် Screen Size 5,5 ရှိပါတယ်
Sim Card နှစ်ကဒ် သုံးလို့ရပါတယ်ခင်ဗျာ
GSM နဲ့ WCDMA သုံးလို့ရပါတယ် ဘက်ထရီကိုတော့
iphone စတိုင် ထောင့်အရှည်လေး သုံးထားပါတယ်
CPU ကတော့ Quad core 1.3GHZ ကို သုံးထားပါတယ်
RAM ကတော့ 1.0GB ဖြစ်ပါတယ်
Phone Memory 2GB ပါဝင်ပါတယ်
Resolution ကလည်း ပြောစရာမလိုအောင်ဘဲ ကောင်းမွန်
လှပါတယ်
Android version အနေနဲ့ 4.2.2 ကို သုံးထားတာ တွေ့ရပါတယ်
G730 က MTK အမျိုးအစားဖြစ်ပါတယ် Screen size ကြီးတဲ့
အတွက် အင်တာနက် သုံးတဲ့ အခါမှာ အထောက်အကူပြုပါတယ်
3G Internet support ပေးတဲ့ အတွက် သွက်လက်မြန်ဆန်လာ
တာကိုတွေ့ရပါတယ် မြန်မာစာအနေနဲ့ကတော့ လက်တလော
သူရဲ့ Original browser အဆင်မပြေသေးတာကို တွေ့ရပါတယ်
Facebook,Gtalk,Viber,Tango,Skype,မြန်မာသတင်းစုံ,
One browser အဆင်ပြေတာကို တွေ့ရပါတယ် ဒီပြင်ဟာတွေတော့
မစမ်းရသေးပါခင်ဗျာ
- See more at: http://www.pmamobile.blogspot.com/2014/01/huawei-g730.html#sthash.2TqDhqha.dpufိ

facebook အကောင့် ကိုအလွယ်ကူဆုံးနည်လမ်းနဲ့လုပ်မယ်


အောက်ကလင့်မှ firefox addons ကို add လိုက်ပါ https://addons.mozilla.org/en-US/firefox/addon/anonymox/?src=search add-ons ကို install လုပ်ပီး ရင် firefox ကို restart  လုပ်လိုက်ပါ
ပီးရင် http://www.whatismyip.com မှာ မိမိ ip ကိုသွားကြည့်လိုက်ပါ usa လို့ပြရင်ရပါပီ
facebook ကို၇က်၇က်စက်စက် လုပ်ပလိုက်တော့
 နာမည်ကိုတော့ eng နာမည်သုံးပေးပါ မြန်မာနိုင်ငံကနာမည်တွေကို facebook က fake နာမည်ထင်ပီး တစ်ခါတစ်လေ မရတတ်လို့ပါ
firefox error ပြနေရင် Firefox > Options > Options > Advanced Tab > Network > Connection Setting > Use System Proxy Setting အမှန်ခြစ်ပါ ပီးရင်စမ်းကြည့်လိုက်ပါ 
    credit to တောင်ဝင်မင်းသားလေး

အဆင်ပြေကြပါစေဗျာ

Monday, January 6, 2014

Android ဖုန်းများ မြန်မာစာ ၁၀၀% မှန်အောင်သွင်းပေးနေပါပီ

Android ဖုန်းများ မြန်မာစာအသုံးပြုရာတွင် အဆင်ပြေစေရန်အတွက် ကိုဝင်းနိုင် electronic (BanmawSKYNET)တွင်ဈေးနှုန်းချိုသာစွာဖြင့် လာရောက် ထည့်သွင်းပြုပြင်နိုင်ပါသည်